မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းတို့ခင်ဗျာ
ကျွန်ူပ်တို့ တိုင်းပြည်မှာ အာဏာရှင် အစိုးရမတရားဖမ်းဆီးချုပ်နှောင်ထားလို့ အကျဉ်းသားဖြစ်နေရတဲ့ မြန်မာနိုင်ငံအကျဉ်းသားတွေကို
ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးကြမယ်ဆိုရင် ထောင်ထဲမှာ သူတို့ခံစားနေရတဲ့ ဒုက္ခလေးတွေ
နည်းနည်းသက်သာ သွားမယ်လို့ထင်တယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့ကို ကူညီထောက်ပံ့ပေးကြပါလို့ ပြောချင်တာပါဘဲ ။
Monday, July 26, 2010
လူထုအားကို အများကြီးလိုသည်
Saturday, July 24, 2010
ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
ကျွန်ူပ်တို့တိုင်းပြည်အား အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ရန် မူဝါဒအမျိုးမျိုးကို ကိုင်စွဲကာ တာဝန်သိသူများ အထူး ကြိုးစားဆောင်ရွက်နေကြသည်။
ယခုကဲ့သို့ကြိုးစားဆောင်ရွက်နေသည်မှာ ပုဂ္ဂိုလိက ကိုယ်ကျိုးဆန္ဒအတွက်မဟုတ် တစ်မျိုးသားလုံး အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးအတွက်ဖြစ်သည်ကို ပြည်သူလူထု အနေနဲ့ မှတ်ထင်ယုံကြည်စေချင်တယ်။
ကျွန်ူပ်တို့သည် မြန်မာပြည်တွင် မွေးဖွားလာ၍ မြန်မာနိုင်ငံသားများ ဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေးသည် ကျွန်ူပ်တို့၏ အရေးပင်ဖြစ်သည်ဟုဦးစွာပထမ ခံယူထားသင့်လှသည်။
ထိုကြောင့်ကျွန်ူပ်တို့တွင်လည်း တာဝန်ဝတ္တရားများ ရှိသည် ။ တဖက်က လူများမှာ ကိုယ်ကျိုးစွှန့်အနစ်နာခံကာ ကြိုးစားနေပါလျှက် ကျွန်ူပ်တို့ကမသိချင်ယောင်ဆောင်နေလိုက်လျှင် ဘယ်သောအခါမှ အာဏာရှင်စနစ်ဆိုးအောက်မှ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ချေ။
Saturday, July 17, 2010
(၆၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပြိုင်ပွဲ
အောက်ပါအခမ်းအနားအစီအစဉ်အား အင်တာနက်မှတိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကို Burma Campaign Japan မှနေ၍ http://www.burmacampaign.net တွင်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။မြန်မာစံတော်ချိန် ညနေ(၃)နာရီခန့် မှနေ၍အချိန်နှင့်တပြေးညီစောင့်မျှော်ကြည့်ရှုနိုင်ကြပါကြောင်း
Invitation for Martyrs' Day(2)
2018World Cup အိမ်ရှင် မြန်မာနိုင်ငံ
2018 Word Cup ကျင်းပခွင့် အား အိမ်ရှင်နိုင်ငံအဖြစ်မြန်မာနိုင်ငံကိုရွှေးချယ်လိုက်ကြောင်း FIFA
မှ ဇူလိုင်လ 11 , 2010 ရက်နေ့ က တရားဝင်ထုတ်ပြန်ကြေငြာလိုက်သည်။ 2014ပြိုင်ပွဲကို တောင်အမေရိကတိုက်မှ ဘရာဇီး
နိုင်ငံတွင်ကျင်းပမည်ဖြစ်သည်။ 2018 ခုနှစ် တွင် အာရှတိုက်မှလက်ခံကျင်းပရမည်ဖြစ်သောကြောင့် အိမ်ရှင်အဖြစ်လျှောက်ထားသော အာဖဂန်နစတန် ၊ အီ၇တ်၊အရှေ့တီမော ၊ မြန်မာ ၊ မော်ဒိုက် ၊ ဘူတန် ၊ မြောက်ကိုရီးယား စသည်နိုင်ငံများထဲမှအသင့် တော်ဆုံး မြန်မာနိုင်ငံ ကိုမဲအများဆုံးနှင့် ရွှေးချယ်ခဲ့ခြင်းဖြစ်သည်။
Wednesday, July 14, 2010
အာဇာနည်နေ့ကြီး ရောက်လာပါတော့မယ်
အာဇာနည်နေ့ကြီး ရောက်လာပြန်ပါပြီ ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း ကို
လူတွေတော်တော်များများ က သမိုင်းက ပျောက်အောင် ကြိုးစားနေကြတယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သမိုင်းမှာ ဘယ်သူတွေက တကယ် အနစ်နာခံပြီး လုပ်ခဲ့လဲ။
ဘာကြောင့်အာဇာနည်နေ့လို့ ခေါ်ပြီး ဂုဏ်ပြုကြရတာလဲ။
သူတို့တွေဟာ တကယ့်အာဇာနည် စိတ်ဓါတ်တွေနဲ့ ကြိုးစားခဲ့လို့ အာဇာနည်နေ့ကို ပေးခဲ့တယ်ဆိုရင်
ဘာဖြစ်လို့သမိုင်းကို အမှန်အတိုင်းမတင်ပြရဲ ကြတာလဲ။




