ဖူကူရှီးမားဒိုင်အိချိ နျူစွမ်းအင်စက်ရုံ ကမ်းလွန် ပင်လယ်ရေပြင်ထဲတွင် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ပမာဏမှာ ပုံမှန်ထက် ၁၂၅၀ ဆမျှ ရုတ်ခြည်း မြင့်တက်လာခဲ့ကြောင်း ဂျပန် နျူနှင့်စက်မှုလုံခြုံရေး အေဂျင်စီက မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။
ယခုကဲ့သို့ မြင့်မားနေမှုကြောင့် ဓာတ်ရောင်ခြည်သင့်မှုသည် လေထုမှတစ်ဆင့် ပျံ့နှံ့ခြင်း၊ မိုးရွာသွန်းခြင်းထက် သမုဒ္ဒရာအတွင်းသို့ တိုက်ရိုက်ယိုစိမ့်ခြင်း ဖြစ်သည်ဟု ယူဆဖွယ် ရှိနေသည်။
စက်ရုံကိုပိုင်ဆိုင်သည့် တိုကျို လျှပ်စစ်စွမ်းအင် ကုမ္ပဏီမှ အရာရှိတစ်ဦးက စီအင်န်အင်န်သို့ ပြောကြားရာ၌ ယခုကဲ့သို့ ရုတ်ခြည်းမြင့်တက်လာခြင်း၏ အကြောင်းအရင်းကို သေသေချာချာ မသိရသေးဟုဆိုသည်။
ယင်းကဲ့သို့ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းပမာဏ မြင့်နေသည့် ပင်လယ်ရေကို သောက်သုံးမိပါက ကင်ဆာ ဖြစ်စေနိုင်သည်အထိ အန္တရာယ် ရှိကြောင်း သိရှိရပါသည်။
0 comments:
Post a Comment