,
|

ဂျပန်နျူစက်ရုံအနီး ပင်လယ်ရေပြင်တွင် ရေဒီယိုသတ္တိကြွမှု ရှိနေကြောင်း


ဂျပန်ဖူကူရှီးမားနျူစွမ်းအင်စက်ရုံအနီးပင်လယ်ရေပြင်တွင်ရေဒီယိုသတ္တိကြွမှုဖြစ်ပွားနေကြောင်းတွေ့ရှိခဲ့ပြီးတွင်
ဓာတ်ရောင်ခြည်သင့်မှုသည်နိုင်ငံနယ်နိမိတ်ကိုကျော်လွန်ပြီးနယ်ခြားထိပျံ့နှံ့နေမည်ကိုဂျပန်အရာရှိများက
စိုးရိမ်ကြောင်းသိရသည်။
ဖူကူရှီးမားနျူစွမ်းအင်စက်ရုံကိုထိန်းချုပ်ကွပ်ကဲသောတိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီကစက်ရုံအနီးပင်လယ်
ရေပြင်တွင်ရေဒီယိုသတ္တိကြွမှုမြင့်မားသောအခြေအနေကိုတွေ့ရှိခဲ့ကြောင်း၊ရေရှည်ဖြစ်လာမယ်ဆိုရင်တော့
သက်ရောက်မှုအချို့ရှိနိုင်ပါတယ်''ဟုအစိုးရအဖွဲ့အတွင်းဝန်ချုပ်ယူကီယိုအဲဒါနိုကပြောကြားခဲ့သည်။
အစိုးရ သတ်မှတ်သည့် စံနှုန်းထက် ၁၂၆ ဒသမ ၇ ဆမျှ များပြားနေကြောင်း တွေ့ရှိခဲ့ရသည်။ဖူကူရှီးမား ဒိုင်အိချိ နျူစက်ရုံမှ အမှတ်(၃) ဓာတ်ပေါင်းဖိုရှိ ထိန်းချုပ်ခန်းတွင် စွမ်းအင် ပြန်လည်ရရှိပြီ ဖြစ်ကြောင်းနှင့်ဖူကူရှီးမား နျူစွမ်းအင် စက်ရုံမှ ဓာတ်ရောင်ခြည် ဖြာထွက်မှု ရှိနေသေးကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) က ထုတ်ပြန်ထားသည်။

0 comments:

Post a Comment